Sunday, November 6, 2011

Berlin (5)

ဘာလင်မှာ နောက်ထပ်အချိန်ရခဲ့ရင် သွားလည်စရာ နေရာတချို့ ရှိသေးတယ်........
အပြည်ပြည်ဆိုင်ရာ ဂီတ အဆို အက အနုပညာ ရုပ်ရှင် သတင်းသိပ္ပံ စတဲ့ဖျော်ဖြေမှု ပွဲတော်များ ကျင်းပရာ Haus der Kulturen der Welt / House of World Cultures....... လူတွေခေါ်ကြတဲ့ နာမည်ကတော့ Schwangere Auster ကိုယ်ဝန်ဆောင်ကမာကောင် တဲ့။ သူ့ပုံစံကြီးက အဲလိုပုံစံပေါက်နေလို့ နေမှာပေါ့။
Museumsinsel / Museum Island ပေါ်က Altes Museum.....
ဘာလင်မြို့လည်မှာ ဖြတ်စီးတဲ့ Spree မြစ်တနေရာက ထွန်းနေတဲ့ကျွန်းပေါ်မှာ ပြတိုက်ငါးတိုက် (Altes Museum, Neues Museum, Pergamonmuseum, Alte Nationalgalerie နဲ့ Bode Museum) ဆောက်ထားတဲ့အတွက် အဲသည်ကျွန်းကို ပြတိုက်ကျွန်းလို့ ခေါ်ကြတယ်။ အခုမြင်ရတဲ့ပုံကတော့ Unter den Linden လမ်းဖက်ကနေ လျှောက်လာမယ်ဆိုရင် ပထမဆုံးမြင်ရတဲ့ Altes Museum ပါ။
Berliner Dom / Berlin Cathedral.... ၁၉၀၅ ခုနှစ်မှာ ဆောက်ခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်ကြောင့် တော်တော်ပျက်စီးခဲ့ရတဲ့အတွက် ၁၉၉၃ ကျမှပဲ ပြန်လည်အသုံးပြုခဲ့ကြတယ်....
စတီးနဲ့ မှန်ချပ်တွေ များများအသုံးပြုပြီး ဆောက်ထားတဲ့ Postdamer Platz နေရာပေါ်က Sony Center....
အတွင်းဖက်မှာ ဆိုနီပစ္စည်းရောင်းဆိုင်နဲ့အတူ စားသောက်ဆိုင်တွေ၊ ရုံးခန်းတွေ၊ ရုပ်ရှင်ရုံစသည်ဖြင့် ရှိကြတယ်...
ဘာလင်မြို့ထဲက Spree မြစ်နဲ့ တူးမြောင်းတွေထဲမှာ သင်္ဘောစီးပြီး လည်လို့ရတယ်...