Sunday, December 18, 2011

ငရုတ်ပွရောင်စုံ

ချက်စားဖြစ်ခဲ့သမျှ ပါပရီကာ ငရုတ်ပွရောင်စုံဟင်းတွေပါ.....
ငရုတ်ပွအစိမ်းရောင်ကို အမဲသားတောက်တောက်စင်း၊ ပဲငပိ၊ ငရုတ်ချဉ်နဲ့ရောပြီးကြော်ထားတာ....

ဒါက ကြက်သားနဲ့ကြော်တာ.... ခရုဆီ၊ ပဲငံပြာရည်နဲ့....
ဒါလည်းအစိမ်းကိုပဲ ပန်းမုန်လာ၊ ကြက်တောက်တောက်နဲ့ရော....
ကြက်သား၊ မုန်လာဥနီ၊ မှို၊ ဆူခိနီနဲ့ရော.....
ဝက်သား၊ ဘိုစားပဲသီးနဲ့ ငရုတ်ပွအဝါ...
ဟင်းလက်ကျန်ရှင်းတာမို့ သခွားသီးနဲ့ ငရုတ်ပွအဝါရောလိုက်တယ်.... ကြက်သားနဲ့...
ကြက်သားကို ငရုတ်ပွအဝါ အနီ နှစ်မျိုးနဲ့ရော....
ငရုတ်ပွအဝါနဲ့ အနီမျိုး.... သည်မှာတော့ ဆလတ်လုပ်တဲ့အခါ သုံးကြတာများတယ်.... သည်တိုင်းထည့်သုပ်တာ အသားက ကြွပ်နေတာပဲ...